(ပြည်တွင်း) ဇွန်လ ၁၃

ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ LIFULL ArchiTech ဟာ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသတွေမှာ Instant House တွေ ထောက်ပံ့လှူဒါန်းသွားမယ်လို့ LIFULL ArchiTech ကုမ္ပဏီဒါရိုက်တာ Tsukasa Yamanaka က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ငလျင်ဘေးသင့်သူတွေအတွက် အသင့်သုံးအိမ်တွေကို အသုံးပြုပြီး ပြည်တွင်းဆောက်လုပ်ရေး ဖြစ်နိုင်ခြေကိုအတည်ပြုနိုင်ဖို့ DRM (Diamond Rental Myanmar) ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စမ်းသပ်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်၊၊
လက်ရှိမှာ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေကို သွားရောက်ကြည့်ရှုစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီး အလှူရှင်တွေနဲ့အတူ ပူးပေါင်းကာ လိုအပ်သလောက် လှူဒါန်းသွားမယ်လို့ သိရပါတယ်၊၊
Instant House တွေကို ဂျပန်နည်းပညာနဲ့ ပြုလုပ်မှာဖြစ်ပြီး မိသားစု ၇ ယောက်အထိ နေထိုင်လို့ရအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ငလျင်ဘေးသင့်ဒေသတွေအတွက် Instant House တွေကို အမြန်ဆုံးလှူဒါန်းသွားနိုင်အောင် ဆောင်ရွက်နေပြီး အတူပူပေါင်းလှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ လာရောက်ပူးပေါင်းဆောင်ရွက်ပေးစေလိုတယ်လို့ ပြောကြားထားပါတယ်။
Telegram»…
https://t.me/positiveanglenews