(ပြည်တွင်း) ဇွန် ၇
တနင်္သါရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာက ရွာမီးပေးတဲ့မီးစက်ကြီးကို PDF တွေလာရောက်ယူဆောင်သွားတာကြောင့် ဒေသခံတွေအခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

PDF အကြမ်းဖက် အင်အား ၂၀ ဦးခန့်ဟာ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျေးရွာအတွင်းကိုရောက်ရှိလာပြီး အဆိုပါမီးစက်ကြီးကိုလာရောက်ယူဆောင်သွားခဲ့ကြတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
“သူတို့ ရွာထဲလာပြီးတော့ မီးစက်ကို ကရိန်းကားနဲ့သယ်သွားတယ်။ ဘယ်ကိုယူသွားတယ်ဆိုတာတော့ မသိဘူး။ ဘယ်သူမှလည်းမပြောရဲဘူး။ အခုတော့ ရွာမှာလည်း လျှပ်စစ်မီးဆိုတာမရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက PAN ကို ပြောပါတယ်။
ရေဖြူမြို့နယ်ထဲက ကျေးရွာအများစုဟာ အစိုးရကပေးတဲ့လျှပ်စစ်ဓာတ်အားမရရှိတာကြောင့် ကျေးလက်မီးလင်းရေးအတွက် စက်သုံးဆီနဲ့လည်ပတ်ရတဲ့ မီးစက်ကိုသာအားကိုးရပြီး ယခုလို မီးစက်ကိုလာရောက်ယူဆောင်သွားတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။
#PAN