ထန်းပင်တွင်ကပ်ထောင်ထားသည့် PDF မိုင်းကြောင့် လမ်းခရီးသွားတစ်ချို့သေဆုံး

(မှုခင်း) ဇွန် ၅

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေးထန်းပင်တွင် PDF အကြမ်းဖက်အဖွဲ့များထောင်ထားသည့်မိုင်းကြောင်း ခရိးသည်တင်ကားအချို့နှင့်ခရီးသွားများသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကော့ကဒွတ်ကျေးရွာနှင့် တောင်စွန်းကျေးရွာ ဆက်သွယ်ထားသည့် သံတံတားအနီးတွင် ဇွန်လ ၅ ရက်နေ့ည ၇ နာရီ ၁၅ မိနစ်ခန့်က PDF အကြမ်းဖက်များမှ ထန်းပင်တွင်ကပ်၍ထောင်ထားသည့်မိုင်းတစ်လုံးထပ်မံပေါက်ကွဲခဲ့သည့်အတွက် ခရီးသွားလာနေသည့်မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်ပေါ်ပါသူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်မှုကြောင့် အမှတ် (၁၆) ရပ်ကွက်၊ ရွှေပေါက္ကံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ ဦးတင်ထွေးဦး ၊ (၅၈)နှစ်မောင်းနှင်လာသည့် Starex အမျိုးအစား ခဲရောင်ယာဉ်ပေါ်သို့ ထန်းပင်လဲကျ၍ ယာဉ်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းသိရသည်။

ထို့အတူ Honda Wave 110 အနက်ရောင်မော်တော်ဆိုင်ကယ်အား မောင်းနှင်လာသူ ဦးဇော်ဟိန်းအောင် ၊ (၅၂)နှစ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာမှာနေထိုင်သူ၏ ယာဘက် ရင်အုံမိုင်းစထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး Honda Dream 125 ငှက်ခါးရောင် မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် ဇုတ်သုတ်ကျေးရွာတွင်နေထိုင်သူ ဦးဟိန်းလင်းစိုး၊ (၃၂)နှစ်၊ (ဘ) ဦးမောင်စိုး၏ ယာလက်မောင်းကျိုးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။