စစ်ရေးလှုပ်ရှားလာတဲ့ KNLA/PDF နဲ့လုံခြုံရေးတပ်ဖွဲ့တိုက်ပွဲဖြစ်ပွား

(ပြည်တွင်း) ဇွန် ၆

ကော့ကရိတ်မြို့ရဲ့ အရှေ့မြောက်ဘက် မီတာ ၄၅၀၀ ခန့်အကွာ တတန်ကူးရွာအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာတဲ့ KNLA/PDF ပူးပေါင်းအဖွဲ့တွေနဲ့ လုံခြုံရေးစစ်ကြောင်းတို့ ဇွန်လ ၅ ရက်နေ့က မနက် ၁၁ နာရီခန့်က ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

တတန်ကူးရွာအနီးကိုရောက်ရှိလာတဲ့ KNLA တပ်မဟာ(၆)၊ တပ်ရင်း(၂၇) က သောင်းကျန်းသူ ၂၀ ဦးခန့်ကို လုံခြုံရေးအဖွဲ့ကို လိုအပ်တဲ့အရေးယူမှုတွေပြုလုပ်ခဲ့ရာ အကြမ်းဖက် KNLA ၂ လောင်း၊ M-16 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးအဖွဲ့တွေဟာ ဇွန်လ ၅ ရက်နေ့မနက်ပိုင်းကစပြီး ကျုံဒိုး – ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် နယ်မြေရှင်းလင်းနေလုပ်ငန်းတွေလုပ်ဆောင်နေခဲ့ကာ ညနေပိုင်းမှတော့ ဆိုင်ကယ်တွေကို ယာယီဖြတ်သန်းခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ကော့ကရိတ် ကျုံဒိုး အာရှလမ်းမကနေ ဘားအံဘက်ကို ဆိုင်ကယ်နဲ့သွားလာခဲ့ရာမှာ လမ်းခရီးအဆင်ပြေတယ်လို့ ကော့ကရိတ်ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပြီး ခရီးသွားပြည်သူတွေရဲ့ကားတွေကိုတော့ မကြာခင်ဖြတ်သန်းသွားလာခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#PAN