(စီးပွားရေး) ဇွန် ၄
ထိုင်းဘတ်ငွေ လေးသန်းကျော်နှင့် တရုတ်ယွမ်ငါးသိန်းကျော် မြန်မာနိုင်ငံဗဟိုဘဏ် က ဇွန်လ ၃ ရက်တွင် ထုတ်ရောင်းခဲ့ကြောင်း သိရပါတယ်။

ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၈ ဒသမ ၂၄ ကျပ်ဖြင့် တရုတ်ယွမ် ၅၇၉,၉၀၀ ကို ထုတ်ရောင်းခဲ့သလို ငွေလဲနှုန်း ၁၃၂ ဒသမ ၇၅ ကျပ် ဖြင့် ထိုင်းဘတ် ၄ ဒသမ ၇၂၁ သန်းကိုလည်း ထုတ်ရောင်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ် ငွေများကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိပါတယ်။
ဒါ့အပြင် မေလ ၃၀ ရက်က ငွေလဲနှုန်း ၅၄၆ ဒသမ ၆ ကျပ်နှင့် တရုတ်ယွမ် ၆၁၃,၅၄၄ ဒသမ ၆၇၊ ငွေလဲနှုန်း ၁၃၂ ဒသမ ၄ ကျပ်ဖြင့် ထိုင်းဘတ် ၂ ဒသမ ၄၃၀ သန်းကိုလည်း ထုတ်ရောင်းပေးခဲ့ကြောင်း သိရပါတယ်။
#PAN