မန်ယူကို အနိုင်ဂိုးသွင်းခဲ့တဲ့ မောင်မောင်လွင်ကို သိန်းတစ်ထောင် ချီးမြှင့်

(အားကစား) ဇွန် ၃

မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် မောင်မောင်လွင်ကို Myanmar Football Federation အလုပ်အမှုဆောင်အဖွဲ့က ဂုဏ်ပြုငွေ ကျပ်သိန်းတစ်ထောင်နဲ့ အမှတ်တရဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘော်လုံးအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အစည်းအဝေးကို ဒီနေ့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာပဲ ခုလိုဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ မြန်မာနိုင်ငံဘော်လုံးအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အစည်းအဝေးမှာတော့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်း၊ အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသားနဲ့ အမျိုးသမီး ဖူဆယ် လက်ရွေးစင်အသင်းတွေ အောင်မြင်ရေး ကြိုတင်ပြင်ဆင်မှုတွေ မြန်မာ့ လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး၊ လူငယ် သက်တမ်းအလိုက် အသင်းတွေနဲ့ ဖူဆယ် အသင်းတွေအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲတွေအတွက် ရည်မှန်းချက်တွေနဲ့ ပြင်ဆင်မှုတွေကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ငလျင်ဘေးကြောင့် ပျက်စီးခဲ့တဲ့ မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး) ရှင်းလင်းမှု တည်ဆောက်မှုနဲ့ ၂၀၂၅ ပညာသစ်နှစ် ယာယီ အဆောက်အဦနဲ့ စီစဉ်နေမှု၊ ကစားကွင်းသစ်တွေနဲ့ လေ့ကျင့်ရေး စင်တာတွေအတူတကွ ဖော်ထုတ်မှု FIFA Football For Schools အစီအစဉ် အကောင်အထည်ဖော်မှု ဆီးဂိမ်းစ် အပါအဝင် နိုင်ငံတကာပွဲတွေကို ရုပ်သံထုတ်လွှင့်မှု နိုင်ငံဒေသနေရာတွေအလိုက် ဘောလုံးလေ့ကျင့်ရေး စင်တာတွေ ဖွင့်လှစ်ဖို့ ယူ၁၅ လိဂ်နဲ့ လူငယ်ပြိုင်ပွဲတွေ ပိုမိုအဆင့်မြှင့်တင်ဖို့ စတာတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

#PAN