(မှုခင်း) ဇွန် ၃
ဘီးလင်း – တောင်စွန်းသွားကားလမ်းဘေးက အနိုင်းပွန်ကျေးရွာအုပ်စု သစ်တိုကျွန်းကျေးရွာမှာ ဒီနေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က အမျိုးသမီးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နဲ့ ၄ မိုင်ခန့်အကွာ ဘီးလင်း – တောင်စွန်းသွားကားလမ်းဘေးက သစ်တိုကျွန်းကျေးရွာ ရွာလယ်လမ်းမပေါ်မှာ ဖြစ်ပွာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

PDF တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုခံခဲ့ရတဲ့ အမျိုးသမီးဟာ လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်း ဆောင်ရွက်နေတဲ့ ၅၃ နှစ် အရွယ် ဒေါ်သီတာမိုး ခေါ် ကုလားမ ဆိုသူဖြစ်တယ်လို့သိရပြီး အကြမ်းဖက် PDF တွေက လက်နက်ငယ်နဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရသူအမျိုးသမီးဟာ နေအိမ်ကနေ ကျေးရွာအတွင်းမှာရှိတဲ့ ဈေးဆိုင်ကို ဈေးဝယ်ဖို့ လမ်းလျောက်ထွက်လာစဥ် လမ်းခုလတ်မှာ အနိုင်းပွန် ကျေးရွာဘက်က ဆိုင်ကယ်နဲ့ရောက်လာတဲ့ အမည်မသိ အမျိုးသား (၂)ဦးလက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ဒေါ်သီတာမိုးရဲ့ ယာမျက်ခုံး ဖောက်ဝင် ဒဏ်ရာ၊ ယာနို့အုံဖောက်ဝင်ဒဏ်ရာ၊ ယာဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ၊ ယာခါးစောင်းဖောက်ဝင် ဒဏ်ရာ၊ ဝဲခါးဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
PDF အကြမ်းဖက်သမားတွေဟာ ဘီးလင်း- တောင်စွန်းသွားကားလမ်းအတိုင်း ဇုတ်သုတ်ကျေးရွာဘက်ကို မောင်းနှင် ထွက်ပြေး သွားခဲ့တယ်လို့သိရပြီး သေဆုံးသူ ဒေါ်သီတာမိုးရဲ့ အလောင်းကို ရှင်/သန်နာကူအသင်းပိုင်ယာဉ်နဲ့ ဘီးလင်းဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
#PAN