မြေငလျင်ဒဏ်ထိ အဆောက်အဦး ပြိုကျရာမှ အလုပ်သမားတစ်ဦးသေဆုံး

(ပြည်တွင်းး) ဇွန် ၁

မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်၊မဟာဇေယျာဘုံရပ်ကွက်၊၂၆×၆၀ လမ်းထောင့်ရှိ ဦးဟန်တင် ဆေးဆိုင်၊အလျား ၃၆ပေ၊အနံ ၂၈ပေရှိ RC ၄ထပ်တိုက်အဆောက်အဦး ပြိုကျသဖြင့် အလုပ်သမားတစ်ဦးသေဆုံး သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ညနေ၅နာရီ၅၅မိနစ် အချိန်ခန့်တွင် ဦးစိုင်းမြင့်၊၅၉နှစ်၊(ဘ)ဦးပူလွယ်ထွန်၊၆၄-Bလမ်း၊ ၁၁၅×၁၁၆ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ ပိုင်ဆိုင်သည့်RC ၄ထပ်တိုက်အဆောက်အဦးမှာ မြေငလျင်ဒဏ်ကြောင့် အဆောက်အဦးတိုင်နှင့်နံရံများ အက်ကွဲမှုများဖြစ်ပွားခဲ့သဖြင့် မြို့နယ်အဆောက်အဦးစစ်ဆေးရေးအဖွဲ့မှ အနီရောင်သတ်မှတ်ထားသည့် အဆောက်ဦးဖြစ်ကြောင်း ၊၎င်းအဆောက်အဦးအား ပိုင်ရှင်မှ မိမိအစီအစဉ်ဖြင့် ငှားရမ်းထားသည့် အလုပ်သမား နိုင်ထက်ဦး ဦးစီး ၇ဦးမှ ဖြိုချရှင်းလင်းခဲ့ရာ အလုပ်သမားများမှာ တစ်နေ့တာ လုပ်ငန်း​ပြီးစီး၍ လုပ်ငန်းသိမ်းရန် ပစ္စည်းများ သိမ်းဆည်းနေစဉ် အဆောက်အဦး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦးပြိုကျမှုကြောင့် ညွန့်အောင်၊၁၈နှစ်(ဘ)ဦးမျိုးထွန်း၊လှိုင်သာယာမြို့နယ်၊ရန် ကုန်တိုင်းဒေသကြီးနေထိုင်သူသည် အဆောက်အဦးပြိုကျမှုကြောင့် သေဆုံးခဲ့ပြီး နိူင်ထက်ဦး၊၄၅နှစ်၊(ဘ)ဦးဝင်းစိန်၊လှိုင်သာယာမြို့နယ်၊၂၂ ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီးနေသူမှာ ယာ-ချိုစောင်း ပေါက် ပြဲဒဏ်ရာ၊ဝဲဘက်နဖူး ဖူးရောင်ဒဏ်ရာ၊ဝဲဘက်လက်ပြင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့​ကြောင်း သိရသည်။

#PAN