(ပြည်တွင်း) မေလ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကို ပြန်လည်ဖွင့်လှစ်ကုသပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ ခွဲစိတ်ခန်းသန့်ရှင်းရေးနှင့်အတူ ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများ၊ မျက်စိခွဲစိတ်စက် အပါအဝင် မျက်စိရောဂါရှာဖွေသည့်စက်၊ မျက်စိရေချိန်တိုင်းစက်၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်း စက်တို့ စစ်ဆေးမှုများ ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက ၂၀၀၈ ခုနှစ်အတွင်း ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီးကိုကျပ်သိန်းပေါင်း ၁,၃၃၃ သိန်းခန့် ကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာလစတင်တဲ့ အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ် ကုသပေးမှုများကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ် မေလမှစတင်၍ ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews