(ပြည်တွင်း) မေလ ၂၆

အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စုစုပေါင်းစိုက်ဧက ၅ သန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဒသမ ၁၁ ဘီလီယံကျော် ထုတ်ချေးဖို့လျာထားတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၅၃၈ ဒသမ၂၁ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၀ ဘီလီယံနီးပါး၊ ၂၀၂၆ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၁၀ ဘီလီယံ ထုတ်ချေးဖို့ လျာထားတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို မေလ ၁၉ ရက်ကစပြီး ထုတ်ချေးပေးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
တောင်သူလယ်သမားတွေအနေနဲ့ အရင်ချေးငွေကို အတိုးရော အရင်းပါ အကျေပြန်ဆပ်ပြီးမှ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမယ်လို့လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်က စိုက်ဧက ၄ သန်းခွဲကျော်အတွက် စိုက်က်ပျိုးစရိတ်ချေးငွေ ကျပ် ၆၂၃ ဒသမ ၁၄ ဘီလီယံကျော် ထုတ်ချေးပေးခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကနေ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews