ဇနီးသည်က မျက်နှာကို တွန်းပစ်လိုက်တာ ခံခဲ့ရတဲ့ ပြင်သစ်သမ္မတမာခရွန်

(နိုင်ငံတကာ) မေလ ၂၆

ဗီယက်နမ်ကို အလည်အပတ်ခရီးစဉ်အဖြစ် ရောက်လာခဲ့တဲ့ ပြင်သစ်သမ္မတမာခရွန်ဟာ လေယာဉ်ပေါ်က ဆင်းခါနီးမှာ ဇနီးသည်က သမ္မတမာခရွန်ရဲ့မျက်နှာကို တွန်းပစ်လိုက်တာ ခံခဲ့ရတဲ့ ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့တယ်။

လေယာဉ်တံခါးဖွင့်နေချိန်မှာပဲ ဒီအဖြစ်အပျက်ကို သတင်းထောက်တွေက ရိုက်ကူးမိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကင်မရာတွေနဲ့ ရိုက်နေတာကို မြင်သွားပြီးနောက် သမ္မတမာခရွန်ဟာ အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး ရှက်သွားသလိုဖြစ်ခဲ့ကာ ဟန်မပျက်ပြုံးပြီး လက်ပြနှုတ်ဆက်ကာ လေယာဉ်ပေါ်ကနေ ဆင်းခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတမာခရွန်ရဲ့နောက်ကနေ ဇနီးဖြစ်သူက လိုက်ပါလာခဲ့ပြီး မာခရွန်က သူ့လက်ကိုချိတ်ဖို့ ဟန်ပြခဲ့ပေမယ့် မချိတ်ခဲ့ပါဘူး။

အနည်းငယ်အချင်းများနေခဲ့ပုံရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဒီဗီဒီယိုဖိုင်က ပျံ့နှံခဲ့ကာ သမ္မတမာခရွန်အတွက်တော့ အရှက်ရစရာဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN