(အားကစား) မေလ ၂၆

ရီးရဲလ်အသင်းက စပိန်လူမျိုးနည်းပြ အလွန်ဆို ကို အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ရီးရဲလ်အသင်းက အသက် ၄၃ နှစ်အရွယ် အလွန်ဆို ကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အစောပိုင်းကတည်းက ရီးရဲလ်အသင်းနှင့် သတင်းထွက်နေတဲ့ အလွန်ဆို က ယခုလအစောပိုင်းက လေဗာကူဆင် အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
အလွန်ဆို က ကစားသမားဘဝမှာ ရီးရဲလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၃၆ ပွဲအထိ ကစားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews