နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် သိန်းပေါင်း ၆ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


(မှုခင်း) မေလ ၂၄

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနီလေးကျေးရွာ အနီးရှိ ရေနီလေးတံတား၌ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ယာဉ်များအား စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာ၊ ဇလီ/ငှက်ကြီးတောင်ကျေးရွာဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ယာဉ်မောင်း ဇင်မျိုးထက်အောင်(ခ)ကုလားလေး မောင်းနှင်ပြီး ယာဉ်နောက်လိုက် မင်းခန့်ကျော် လိုက်ပါလာသည့် ယာဉ်အမှတ်၊ 4I/5417 Fuso (၁၂)ဘီး အဖြူရောင်ယာဉ်နှင့် လမ်းကြောင်းရှင်းအဖြစ် ယာဉ်အမှတ်၊ 7R/9852 CHEVROLET SPARK အနက်ရောင်ယာဉ်အား မောင်းနှင်သူ သူရိန်ကိုကို နှင့် ယာဉ်ပေါ်တွင် ကျော်မျိုးလှိုင်(ခ)ကျော်ကြီး၊ နေဦးရှိန်၊ မြတ်စိုးဦးတို့ လိုက်ပါလာသည့် ယာဉ်အား စစ်ဆေးစဉ် ယာဉ်အမှတ်၊ 4I/5417 Fuso (၁၂)ဘီး အဖြူရောင်ယာဉ်ပေါ်၌ ဇီးသီးမှုန့်အိတ် ၂၀၀ ခန့်ရှိ အိတ်များအောက်၌ WY နှင့် R ရောရာ စိတ်ကြွရူးသွပ်ဆေးပြား(၁၉၉၉၄၀၀)ပြား၊ ဘိန်းဖြူဆပ်ပြာခွက်တစ်ခွက်လျှင် (၁၀)ဂရမ်ပါ တစ်ကဒ်လျှင် (၁၁)ခွက်ဖြင့် (၁၂၂၀)ကဒ် စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း (၆၃၅၄၁)သိန်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံ သူရိန်ကိုကို၏ ထွက်ဆိုချက်အရ မူးယစ်​ဆေးဝါများသယ်ဆာင်ခိုင်းသူ စိုးလွင်သည် ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်း၊ Project X Hotel ၊ အခန်းအမှတ်(၄၀၄)တွင် တည်းခိုနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့မှ သွားရောက်ရှာဖွေရာ အဆိုပါအခန်း၌ စိုးလွင်အားတွေ့ရှိခြင်းမရှိဘဲ ၎င်း၏ ညီဖြစ်သူ သက်ထူးမောင်၊ ၂၂ နှစ်၊ (ဘ)ဦးဝင်းမောင်၊ သိကျိတ်ကျေးရွာ၊ ဖယ်ခုံမြို့နယ်၊ ရှမ်းပြည်နယ်နေသူအား တွေ့ရှိရပြီး ၎င်းအား ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းသည် မူးယစ်ဆေးဝါ များသယ်ဆောင်ရာတွင် စိုးလွင်နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ပါဝင်သူများအား ဖမ်းဆီးထားရှိိပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN