ဇေယျာသီရိမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး


(မှုခင်း) မေလ ၂၄

ဇေယျာသီရိမြို့နယ်၊ ရေဆင်းအုပ်စု၊ ရေဆင်းကျေးရွာ၊ နယ်မြေ(၃)တွင် ယမန်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူမှာ မပြည့်ပြည့်ဇော်၊ ၂၁ နှစ်၊ (ဘ)ဦးမြင့်ဇော် မှာ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် ခင်ပွန်းဖြစ်သူနှင့် v.call ဖြင့်စကားပြောရာမှ စကားများရန်ဖြစ်ထားခဲ့ပြီး၊ ၎င်းနောက် မပြည့်ပြည့်ဝင်းသည် နီ/အပြာရောင်၊ အရှည်(၁၂)ပေခန့်ရှိ ပလပ်စတစ်ကျစ်ကြိုးနှင့် နေအိမ်အတွင်း အမြင့်(၁၂)ပေခန့်ရှိ သစ်သားတန်းကိုချည်နှောင်ကာ ကျန်ကြိုးစတစ်ဖက်အား လည်ပင်းတွင်ချည်နှောင်ကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ဖခင် ဦးမြင့်ဇော် ၏ ပြောပြချက်အရ သိရှိရသည်။

အဆိုပါ မပြည့်ပြည့်ဇော်၏ အလောင်းအား ကုတင်(၃၀၀)သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဥပဒေအရ သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN