အဂတိမှုဖြင့် အကျဥ်းကျခံနေသည့် NLD အစိုးရဝန်ကြီးဟောင်း မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသမှုခံယူ


(ပြည်တွင်း) မေ လ ၂၁

မန္တလေးဗဟိုအကျဉ်းထောင်၌ အဂတိမှုဖြင့် အကျဥ်းကျခံနေသည့် NLD အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်းအား ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်အချိန််၌ နှလုံးသွေးကြောကျဉ်းရောဂါ ပြသရန်အတွက် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တရားရုံး၏ ရာကြီးမှုအမှတ်၊ ၄၁/၄၂/၄၃/၂၀၂၁၊ အဂတိ-၅၅ အရ ပြစ်ဒဏ်(၉)နှစ် ကျခံလျက်ရှိသော အကျဉ်းသား ထောင်ဝင်အမှတ် မတလ/၂၂/ ၀၁၃၇၇/က၊ သောင်းထွန်း၊ (ဘ)ဦးထွန်းရီ၊ (ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း)သည် နှလုံးသွေးကြော ကျဉ်းရောဂါ ပြသရန်အတွက် အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် အကျဥ်းဦးစီးဌာနပိုင် လူနာတင်ယာဉ်ဖြင့် ချမ်းအေးသာစံမြို့နယ်၊ ဟေ မာဇလရပ်ကွက်၊ ၂၉×၃၀လမ်း ကြား၊ ၇၄×၇၇ လမ်းကြားရှိ မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြောင်း သိရသည်။

အဆိုပါ အကျဥ်းသား သောင်းထွန်းအား အထက်မြန်မာပြည်နှလုံးအထူးကုစင်တာ၊ သီးသန့်ဆောင်၌ နှလုံးအထူးကု ဆရာဝန်​ကြီးမှ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ၈ ထပ်ဆောင်၊ မြေညီထပ်၊ အခန်းအမှတ် ၇ တွင် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN