(ပြည်တွင်း) မေ ၁၄

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၂၅) အရ မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ ဖြင့် ကူးပြောင်းချိတ်ဆက်ထားသည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership-RCEP) အောက်ရှိ အကောက်ခွန်နှုန်းဇယား RCEP TRS (2017) ကို မေလ ၇ ရက်မှစတင်ကာ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆာင်ရွက်မှု သဘောတူစာချုပ်အရ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ပါဝင်ပြီး အဆိုပါနိုင်ငံများမှ ထုတ်ပေးသော Form RCEP ကိုအသုံးပြု၍ မြန်မာနိုင်ငံအတွင်း တင်သွင်းလာမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်လျှော့နှုန်းခံစားမည် ဆိုပါက IDA Screen ရှိ Customs Duty Type Code အကွက်တွင် “R” (R: RCEP) အားရွေးချယ်၍ တင်သွင်းရမှာ ဖြစ်ပါတယ်။
HS 2017 Version ဖြင့်ချိတ်ဆက်ထားတဲ့ RCEP အရအကောက်ခွန်လျှော့နှုန်းခံစားမည့် သွင်းကုန်ပစ္စည်း များအတွက် MACCS စနစ်တွင် Master Table Setting ထားရှိရန် လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်တာကြောင့် မေလ ၁၄ ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာမည့်ကုန်ပစ္စည်းများအတွက် အကောက်ခွန်လျှော့နှုန်း ခံစားနိုင်မည် ဖြစ်ပါကြောင်းနှင့် စနစ်၌ကြေညာလွှာတင်သွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ရုံးချိန်အတွင်း MACCS ဌာနခွဲ၊ Help Desk Section (၀၁-၃၇၉၄၂၉) သို့ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။
Telegram»…
https://t.me/positiveanglenews