သံရုံးနေအိမ်က မဆင်းဘဲ ပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲ


(နိုင်ငံတကာ) မေ ၁၄

လန်ဒန်မြို့က မြန်မာ သံရုံးနေအိမ်ကနေ မဖယ်ပေးဘဲ အတင်းပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဦးကျော်စွာမင်းမှာ နစကအစိုးရတက်လာပြီးနောက် သံအမတ်ရာထူးကနေ ဖြုတ်ချခံရပေမယ့် သံရုံးနေအိမ်ကနေ ထွက်ခွာပေးဖို့ ငြင်းဆန်နေခဲ့တာဖြစ်တဲ့အတွက် ဗြိတိန်ရဲတပ်ဖွဲ့က ပိုင်နက်ကျူးလွန်မှုနဲ့ စွဲချက်တင်ထားတယ်လို့ Reuters က သတင်းဌာနက ရေးသားထားပါတယ်။

နစကအစိုးရတက်လာပြီး လအနည်းငယ်အကြာမှာ ဦးကျော်စွာမင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် သံရုံးအတွင်း ဝင်ရောက်ခွင့်မရတော့သလို နစကအစိုးရဘက်ကလည်း သံတမန် ကိုယ်စားလှယ်တွေနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်စွာမင်းကို သံတမန်ရေးရာဌာနကို အတင်းလုယူထားတဲ့ ပိုင်နက်ကျူးလွန်မှုနဲ့ ပြီးခဲ့တဲ့ အပတ်က စွဲချက်တင်ထားတာဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို Reuters က သတင်းဌာနက အတည်ပြုရေးသားထားပါတယ်။

အဆိုပါစွဲချက်တင်ထားတဲ့ သံအမတ်ဟောင်းရဲ့ ပိုင်နက်ကျူးလွန်မှုကို လာမယ့် မေလ ၃၀ ရက်နေ့မှာ Westminster Magistrates တရားရုံးမှာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး အဆိုပါအမှုကို ရပ်တန့်ပေးဖို့ ဗြိတိန်ရှေ့နေချုပ်ကို လူ့အခွင့်အရေးအဖွဲ့ Myanmar Accountability Project မှ ဒါရိုက်တာ Chris Gunness က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN