(မှုခင်း) မေ ၁၄

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင် ၁ ဦးကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဘီလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာနေ ဦးဇော်ဝင်း၊ မြို့နယ်ကော်မတီဝင် (ပြည်ခိုင်ဖြိုးပါတီ)သည် ရွာလယ်ရှိ ဦးဇော်ဦး၏ လက္ဘရည်ဆိုင်တွင် တစ်ဦးတည်းလက္ဘရည်ထိုင်သောက် နေစဉ် အကြမ်းဖက် PDF အဖွဲ့မှ အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews