အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


(မှုခင်း) မေလ ၁၃

အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပိုဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုနယ်၊ သံမဏိစက်ရုံ (အနောက်)၊ အနီးစခန်းနေ မခင်မိုးမိုးလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်၊ ဗထူးတိုက်ခန်း တိုက်အမှတ် DD-5၊ (၇)လွှာနေ မခွန်းဆက်ဝေ တို့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အိုင်သုံးဆင့်ရွာနေ မ—၊ ၂၂/၂၀၂၄ နှစ်အား တရုတ်ဇနီးအဖြစ် လုပ်ကိုင်ရန်ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်း (ပ)၁၆၁/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ထားကြောင်း သိရသည်။

မဟာအောင်မြေခရိုင်တရားရုံးမှ မေ ၁၈ ရက်တွင် တရားခံ မခင်မိုးမိုးလွင် (ခ)မမိုးနှင့် မခွန်းဆက်ဝေ တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN