ပျဥ်းမနားမြို့နယ်တွင် အမျိုးသားနှစ်ဦးအား စိတ်ကြွရူးသွက်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ


(မှုခင်း) မေ ၁၃

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ မြောက်လွတ်ကုန်းကျေးရွာရှိ နွားခြံတစ်ခုအတွင် အမျိုးသားနှစ်ဦးအား စိတ်ကြွရူးသွက်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးလွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်းရယူဖော်ထုတ်ဖမ်းဆီးရေး ‎စီမံချက်အရ မူးယစ်ဆေးဝါးများအား ဖမ်းဆီးလျက်ရှိရာ မေလ ၁၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့် က မူးယစ်ဆေးဝါးများ သိုလှောင်ထားရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာ၊ ဘုရားလေးလမ်းရှိ အောင်နိုင် ၏ နွားခြံအား ဝင်ရောက် စစ်ဆေးရာ နွားခြံပိုင်ရှင် အောင်နိုင် နှင့် ခြံစောင့် ဇော်ဝင်း တို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နွားမွေးမြူရေးခြံအတွင်းရှိ လူနေသည့် အခန်းအတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား(၇,၆၁၇,၈၀၀)ပြား၊ အိုက်စ်(၁)ကီလိုဂရမ်ခန့်ပါ (၅)ထုပ်၊ TIE GUAN YIN စာတမ်းပါ ကတ်တမင်း (၁)ကီလိုဂရမ်ခန့်ပါ (၁)ထုပ်၊ နဂါး(၂)ကောင်ပုံပါ Happy Water (၅)ဂရမ်ခန့်ပါ (၄၉၅)ထုပ်၊ ဝက်ဝံတံဆိပ်ပါ Happy Water (၂၅)ဂရမ်ခန့်ပါ (၆)ထုပ်၊ HERMES စာတမ်းပါ Happy Water (၁၀)ဂရမ်ခန့်ပါ (၁၄)ထုပ်၊ Starbucks စာတမ်းပါ အစိမ်းရောင် ပုလင်း (၁)ပုလင်းလျှင် Happy Water အမှုန့် (၁၀)ဂရမ်ခန့်ပါ (၁၅)ပုလင်း၊ စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၁၁ ဘီလီယံကျော်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းမိတရားခံ ၂ ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN