(ပြည်တွင်း) မေ ၈

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အောက်တိန်း (92) ၁၇၀၀၀ တန် တင်ဆောင်လာသော (၁၂)ကြိမ်မြောက် လှူဒါန်းခဲ့သည်ဟု သိရသည်။
အောက်တိန်း (92) ၁၇၀၀၀ တန် တင်ဆောင်လာသော သင်္ဘော T YU DONG သည် မေလ ၇ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အခန့်ခန့်တွင် သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် Max Energy Terminal သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။
ထိုသို့ရောက်ရှိလာသည့် စက်သုံးဆီများကို ယနေ့ မေလ ၈ ရက်နေ့နံနက်ပိုင်းက သီလဝါဆိပ်ကမ်း၌ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing က လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ စက်သုံးဆီများကို ငလျင်ဘေးသင့်ဒေသများသို့ စွမ်းအင်ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews