လသားကလေးငယ်ပါမချန် အကြောင်းမဲ့သတ်ဖြတ်သော ဝန်းသို PDF အဖွဲ့


(မှုခင်း) ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အပြစ်မဲ့ကလေးငယ် ၂ ဦး အပါဝင်ဒေသခံပြည်သူ ၇ ဦးကို NLD ပါတီ အမတ်ဟောင်း ဦးဆောင်သော ဝန်းသို PDF အဖွဲ့က အကြောင်းမဲ့သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် စော်ဘွားကြီးရပ်ကွက်၊ စက်ဝင်းရပ်တွင် နေထိုင်သည့် ကလေးငယ် ၂ ဦးအပါဝင် ဒေသခံပြည်သူ ၇ ဦးတို့သည် ဧပြီလ ၂၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က အာမခံကျေးရွာအုပ်စု၊ ဩဂကျေးရွာသို့ ဈေးဝယ်ယူရန် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့စဥ် ဝန်းသိုမြို့နယ်၊ အာမခံကျေးရွာ လမ်းဆုံအနီးသို့ရောက်တွင် NLD ပါတီ အမတ်ဟောင်း ဦးဆောင်သော အကြမ်းဖက် PDF အဖွဲ့ အင်းအား ၃၀ ခန့်တို့မှ လက်နက်ငယ်/တရုတ်စက်လက်တို့ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေါ်အေးသူ၊ ၃၅ နှစ်နှင့် ၎င်း၏လသားအရွယ် သမီး ၁ ဦး၊ ဒေါ်ဝင်းရီ၊ ၅၀ နှစ်၊ ဒေါ်ချစ်စု၊ ၂၈ နှစ်၊ ကိုလင်း၊ မနန္ဒာအောင် နှင့်၎င်းတို့၏ ၁ နှစ် ၄ လသားအရွယ် ကလေးငယ် ၁ ဦး စုစုပေါင်း(၇)ဦးတို့သည် နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်း အကြမ်းဖက် PDF အဖွဲ့ကို ဦးဆောင်သည့် NLD ပါတီ အမတ်ဟောင်းဖြစ်သူမှ “ဝန်းသိုမြို့ထဲကထွက်လာသူမှန်သမျှ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ပစ်သတ်မယ်” ဟု၍ ပြောဆိုကာ ကားလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ဩဂကျေးရွာဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN