နေပြည်တော် တည်ဆောက်ရေးပါဝင်ခဲ့သော ကုမ္ပဏီများ စည်ပင်သို့ ပြန်လည်ဆက်သွယ်ရန် ထုတ်ပြန်ခဲ့


(ပြည်တွင်း) ဧပြီ ၂၇

နေပြည်တော်တည်ဆောက်ရေးတွင် ပါဝင်တည်ဆောက်ခဲ့သော ကုမ္ပဏီများ နေပြည်တော် စည်ပင် သာယာရေးကော်မတီသို့ ပြန်လည်ဆက်သွယ်ရန် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော် တည်ဆောက်ရေး အထူးဖွံဖြိုးရေး စီမံကိန်းတွင် ပါဝင်သည့် ရုံး/ဌာနအဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှု ဆိုင်ရာ အဆောက်အဦများ အပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သော ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ယင်းကော်မတီမှ အသိပေးထားပါတယ်။

အဆိုပါ ကုမ္ပဏီများအနေနဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ဌာနမှူးနှင့် ဒုတိယဌာနမှူးထံသို့ ဆက်သွယ်ကြရန် အသိပေးစာတွင် ထည့်သွင်းဖော်ပြ ထားပါတယ်။

ထိုသို့ ခေါ်ယူရခြင်းမှာ ငလျင်ဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများကို ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦများ တည်ဆောက်နိုင်ရန်နှင့် ငလျင်ကြောပေါ်ရှိ အဆောက်အဦများကို ပြောင်းရွှေ့နေရာချထားနိုင်ရေးများ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN