(ပြည်တွင်း) ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ ချင်းတွင်းမြစ်အတွင်း၌ ရွှေမျှောလုပ်ငန်းလုပ်ကိုင်သူများကို ခွင့်ပြုပေးနေသည့် အကြမ်းဖက် PDF အဖွဲ့ကို ဒေသခံရွာသူရွာသား တစ်ထောင်ကျော်က ဧပြီ ၂၅ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြ မောင်းထုတ်နေကြကြောင်း သိရသည်။

ဒေသခံများမှ ဘုတလင်မြို့နယ်လေးမြေရွာ ရွှေမျောစီမံကိန်း အလိုမရှိ၊ အကြမ်းဖက်PDFအဖွဲ့ဝင် PDF (ငကြွက်) အလိုမရှိ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဟန်မြင့်ထွန်း-အလိုမရှိ ၊ အကြမ်းဖက် PDF အဖွဲ့ – အလိုမရှိ၊ မြို့နယ်PDF ငကောင်း – အလိုမရှိ၊ မြို့နယ် PDF ဂျိုးပေါက် – အလိုမရှိ၊ နိုင်ငံရေးအကြောင်းပြ စီးပွားရှာသူတွေအလိုမရှိ၊ မြို့နယ်လုံခြုံရေး(ပလဖ) ကောင်းမြတ်ထွန်း(ခ)ကောင်းကောင်း အလိုမရှိ၊ ရွှေမျောမောင်းခြင်းအလိုမရှိ စသည့် ဆိုင်ဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်နေကြကြောင်း မြေပြင်သတင်းအရ သိရသည်။

လက်နက်ကိုင်ဆောင်ပြီး ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျနေသော အကြမ်းဖက်PDFအဖွဲ့ဝင်များကို ဒေသခံများက မနှစ်မြို့ မလိုလားတော့ကြောင်း PDF များ ဘုတလင်မြို့ထဲက ထွက်သွားပေးရန်တောင်းဆိုနေကြကြောင်း သိရသည်။



Telegram»…
https://t.me/positiveanglenews