
(အားကစား) ဧပြီ ၂၄
လာမယ့်နွေရာသီမှာ မန်ယူအသင်းက နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန် ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းများထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် အိုစီမန် က လက်ရှိတွင် ဂါလာတာစာရေးအသင်းမှာ တစ်ရာသီအငှားနဲ့ ကစားနေတာ ဖြစ်ပြီး အိုစီမန် ကို ဥရောပအသင်းကြီးများဖြစ်တဲ့ အာဆင်နယ်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ တို့က ခေါ်ယူရန် စိတ်ဝင်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ မန်ယူအသင်းက အိုစီမန် နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တယ်ဆိုပေမယ့် စာချုပ်လျော်ကြေး ပေါင် ၆၃ သန်းကို ပေးချေလိုခြင်းမရှိကြောင်း သိရပါတယ်။
နာပိုလီအသင်းနဲ့ အိုစီမန် တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်တာကြောင့် နာပိုလီ အသင်းက အိုဆင်မန် ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်လိုခြင်းမရှိဘဲ လာမယ့်နွေရာသီမှာ ရောင်းထုတ်ချင် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းက အိုစီမန် အတွက် စာချုပ်လျော်ကြေး အတိုင်းမပေးဘဲ တိုက်စစ်မှူး ဟွိုင်လန်းကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေတယ်လို့ သိရပါတယ်။