ပြည်ပမှ ဘိလပ်မြေ တန်ချိန် ၃၀၁၀ ရန်ကုန်မြို့ရောက်ရှိ

(စီးပွားရေး) ဧပြီ ၂၀

ငလျင်ဒဏ် အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်လိုအပ်သည့် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည်ပမှတင်သွင်းလျက်ရှိကြောင်း သိရသည်။

ဘိလပ်မြေတန်ချိန် ၃၀၁၀ တင်ဆောင်လာသည့် ရေယာဉ်သည် ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ရန်ကုန်မြို့ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ဧပြီ ၁၈ ရက် ညနေပိုင်းတွင် ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါဘိလပ်မြေများအား ယနေ့ နံနက်ပိုင်း၌ ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပြီး ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေတင်ရေယာဉ်များ အပတ်စဉ် ဆက်လက်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

#PAN