မဟာမြတ်မုနိဝတ်ကြီး ဘုရားကျောင်းဆောင် KNU ပူးပေါင်းအဖွဲ့များ၏ လက်နက်ကြီးကျည်ကြောင့် ပျက်စီး

(မှုခင်း) ဧပြီ ၁၉

KNU နှင့် PDF အကြမ်းဖက်သမားများမှ ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် တောင်ပေါ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲမှုကြောင်း မဟာမြတ်မုနိဝတ်ကြီး ဘုရားကျောင်းဆောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းသို့ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများမှ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် အမှတ် (၄) ရပ်ကွက်ရှိ တောင်ပေါ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ထားသည့် မဟာမြတ်မုနိဝတ်ကြီး ဘုရားကျောင်းဆောင်၏ အနောက်ဘက်မုခ်ဦးအနီးသို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းဆောင်အတွင်းရှိ မျက်နှာကျက်များနှင့် အုတ်နံရံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#PAN