“ငလျင်ဘေးသင့်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးရန် တရုတ်နိုင်ငံမှ ဆရာဝန် ၅၀ ရောက်ရှိလာ”

(ပြည်တွင်း) ဧပြီ ၁၉

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများ၌ ကျန်းမာရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံမှဆရာဝန် ၅၀ ဦးသည် ၎င်းတို့အသုံးပြုမည့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း ၅ တန်ကျော်နှင့်အတူ ယနေ့ညနေ ၅ နာရီခွဲတွင် China Eastern လေကြောင်းဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိကြကြောင်း သိရသည်။

Telegram – http://t.me/positiveanglenews

PAN