(အားကစား) ဧပြီ ၁၅

ချဲလ်ဆီးအမျိုးသမီးအသင်းသည် FA Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲချိန် ၂၁ မိနစ်မှာ လီဗာပူးလ်အသင်းမှ အိုလီဗီယာစမစ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီး၏ချေပဂိုးနှင့် အနိုင်ဂိုးများကို ပွဲချိန် ၄၅ ပြီး အချိန်ပို ၂ မိနစ်မှာ ကူးဘတ်က တစ်ဂိုး ၊ ပွဲချိန် မိနစ် ၉၀ ပြီးနောက် အချိန်ပို ၄ မိနစ်မှာ ဘီဗာဂျုံးစ် တစ်ဂိုး သွင်းပေးခဲ့ကာ ၂ ဂိုး ၁ ဂိုး လီဗာပူးရ် အသင်းကို အနိုင်ရရှိခဲ့ပါတယ်။
ချဲလ်ဆီးအမျိုးသမီးအသင်းအနေနဲ့ နောက်ဆုံးငါးနှစ်အတွင်း လေးကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် လိဂ်ဖလား ဆွတ်ခူးထားတဲ့ ချယ်လ်ဆီးအသင်းဟာ ယခုရာသီ ဖလားလေးလုံး အိပ်မက် ဆက်လက်ရှင်သန်စေခဲ့ပါတယ်။
ချဲလ်ဆီးအမျိုးသမီးအသင်းအနေနဲ့ FA Cup ပြိုင်ပွဲတွင် ချန်ပီယံ ငါးကြိမ် နှင့် ဒုတိယနှစ်ကြိမ် ရရှိထားပါတယ်။
FA ဖိုင်နယ်ပွဲမှာ မန်ယူအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews