(ပြည်တွင်း) ဧပြီ ၁၀

မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်နှင့် မန္တလေးမြို့တို့မှ ထိခိုက်ဒဏ်ရာရသူများကို ဘူတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အရေးပေါ်ဆေးအဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန မှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

ဘူတန်နိုင်ငံမှအရေးပေါ်ဆေးအဖွဲ့က နေပြည်တော်၊ ပျဥ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းရှိ ယာယီဆေးရုံမှာ ငလျင်ဘေးအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအဖြစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်း သိရပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် လေယာဥ်ကွင်း ဟောင်းရှိ ယာယီဆေးရုံမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို ဆေးကုသပေးလျက်ရှိရာမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယာယီကယ်ဆယ်ရေး စခန်းများဖြစ်သော ရန်နိုင်အခြေခံပညာအထက်တန်းကျောင်း၊ စည်းခုံကြီးဘုရား၊ နှစ် ၇၀၀ ကွင်း၊ စကုမော်စခန်းနှင့် မြို့သစ်အိုးအိမ်ကယ်ဆယ်ရေးစခန်းများသို့ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ၊ LifeStraw ရေသန့်စက်များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews