(ပြည်တွင်း) ဧပြီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၆/၆-၇ အကြားတွင် ခရီးသည်ယာဉ်တစ်စီး အရှိန်လွန်၍ ချောက်ထဲသို့ ထိုးကျခဲ့ကြောင်း သိရသည။

ယမန်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ခရီးသည်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ တိုင်းနာရေးကူညီမှုအသင်းနှင့် နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းတို့မှ အခင်းဖြစ်ရာနေရာသို့သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ၇ ဦးသေဆုံးခဲ့ရပြီး ၃ ဦးဒဏ်ရာရရှိခဲ့ရပြီး၊ သေဆုံးသည့်ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ထားကြောင်း သွားရောက်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် လူမှုရေးအသင်းဖွဲ့ထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews