(ပြည်တွင်း) မတ် ၂၈
ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ နိုင်ငံတစ်နိုင်ငံလုံး ပြင်းထန်တဲ့ငလျှင်တဲ့ငလျှင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဗဟိုချက်နဲ့နီးကပ်တဲ့ မန္တလေးမြို့မှာ ၃ ကြိမ်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တိုက်တာပြိုကျမှုတွေဖြစ်ပွားခဲ့သလို ဒေသခံသေဆုံးမှုတွေရှိတယ်လို့ နယ်ခံတွေကပြောပါတယ်။

ပထမတစ်ကြိမ်မှာ အင်အား ရစ်ချက်တာစကေး ၇.၇ နဲ့ ဒတိယတစ်ကြိမ်ကတော့ ရစ်ချက်တာစကေး ၆.၇ ရှိပြီး နောက်ဆုံးလှုပ်ခတ်မှုကတော့အနည်ငယ်သာရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လူမှုကူညီအသင်းတွေက ရှာဖွေကယ်ဆယ်မှုတွေရှိနေပြီး အသေးစိတ်ကိုတော့မသိရသေးပါဘူး။