(ပြည်တွင်း) မတ်လ ၂၇

အခြေခံပညာအထက်တန်းအထိ ပညာသင်ကြားခဲ့သော်လည်း အခြေခံပညာအထက်တန်းစာမေးပွဲကို အောင်မြင်မှုမရှိတဲ့ ကျောင်းသား/ကျောင်းသူများအတွက် Polytechnic Institute များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ်လ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ Polytechnic Institute များကို ပထမဆုံးအနေဖြင့် နေပြည်တော်၌ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လည်း တက္ကသိုလ်ဝင်တန်း အောင်မြင်မှုမရှိသေးသူများ တက်ရောက်နိုင်မည့် Polytechnic Institute တစ်နှစ်သင်တန်းမှစ၍ နှစ်အလိုက်သင်တန်းများ ဖွင့်လှစ်ပေး နိုင်ရေး လာမည့်ပညာသင်နှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်လို့ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သင်ကြားပေးမည့် ဆရာ၊ ဆရာမများခန့်အပ်ရေး သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းရေးကိုလည်း ပြင်ဆင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သလို ပညာရေးအရအတတ်ပညာအရ အားနည်းသူများဖြင့် နိုင်ငံတော်ကို တည်ဆောက်မည်ဆိုပါက စိန်ခေါ်မှုများစွာကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ ပါတယ်။
အနာဂတ်နိုင်ငံရေးတွင် ပညာတတ်မြောက်ခြင်း၊ မတတ်မြောက်ခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုအပေါ်တွင် သက်ရောက်မှုရှိသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့အနေဖြင့် အတန်းပညာအားနည်းခဲ့သူများကို ပစ်ထား၍ရမည် မဟုတ်ဘဲ ကျောင်းပြင်ပပညာရေးနှင့် ဗဟုသုတရှာမှီးရေးအတွက် စာကြည့်တိုက်များ ဒေသအလိုက်ပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်လုပ်ငန်းများကို အားပေးခြင်း၊ စာဖတ်ဝိုင်းများစီစဉ်ပေးခြင်း စသည့် ကျောင်းပြင်ပပညာရေးဖြင့် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ကို ပြောကြား ခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews