ဂျူဗင်တပ်စ်အသင်းက နည်းပြ သီယာဂိုမော့တာ ကို ရာထူးမှ ထုတ်ပယ်


(အားကစား) မတ်လ ၂၄

ဂျူဗင်တပ်စ်အသင်းက နည်းပြ သီယာဂိုမော့တာ ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အသင်းကစားသမားဟောင်း ဖြစ်သူ တူဒေါ့ ကို အစားထိုးခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

လက်ရှိရာသီမှာ ဂျူဗင်တပ်စ်အသင်းက ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြဖြစ်သူ သီယာဂိုမော့တာ ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ သီယာဂိုမော့တာ လက်ထက် ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် (၅) မှာရပ်တည်နေပြီး အခြားဆုဖလားပွဲစဉ်တွေကနေ ထွက်ခွာနေခဲ့ရတာ ဖြစ်ပါတယ်။

ထပ်မံခန့်အပ်ခဲ့တဲ့ နည်းပြသစ် တူဒေါ ရဲ့ စာချုပ်သက်တမ်းကိုတော့ အသင်းဘက်က တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

Telegram»…
https://t.me/positiveanglenews

PAN