(နိုင်ငံတကာ) မတ်လ ၂၀

အစ္စရေးနှင့် ဟားမတ်စ်တို့ နှစ်လကြာ အပစ်အခတ်ရပ်စဲပြီးနောက် သဘောတူညီမှုပျက်ပြယ်ပြီး အစ္စရေးစစ်တပ်က တကျော့ပြန် မြေပြင်ထိုးစစ် စတင်ခဲ့သည်။

မြေပြင်ထိုးစစ်ပြန်လည်မစတင်မှီ အစ္စရေးစစ်တပ်မှ တိုက်လေယာဉ် ဒါဇင်နှင့်ချီ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀ ဝန်းကျင် သေဆုံးခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြှောင်ဒေသရှိ အဓိကကျသောနေရောများအား မြေပြင်ထိုးစစ်ဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်၏ မြေပြင်လှုပ်ရှားရေးတပ်များသည် Netzarim ဒေသ၏ အလယ်ဗဟိုအထိ တိုးချဲ့ထားကြောင်း တာဝန်ရှိသူများကဆိုသည်။
အစ္စရေး၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုသည် အန္တရာယ်ရှိကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် အစ္စရေးနှင့်သဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ကိုင်စွဲထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့ပြီးနောက် ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များသည် ပျက်စီးနေသော နေအိမ်များတွင် ပြန်လည်နေထိုင်ရန် ဂါဇာကမ်းမြှောင်ဒေသသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ယခုလို တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။
ယမန်နေ့ ဗုဒ္ဓဟူးနေ့ကလည်း ဂါဇာမြောက်ပိုင်းရှိ နာရေးပြုလုပ်နေသည့် နေအိမ်အား တိုက်ခိုက်ခဲ့မှုတွင် ၂၄ ဦးသေဆုံးပြီး အယ်ဆာဘရာ ရပ်ကွက်အားတိုက်ခိုက်မှုတွင်လည်း ကလေးခြောက်ဦးအပါအဝင် ၂၁ ဦးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews