(နိုင်ငံတကာ) မတ်လ ၂၀

ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့သည် အစ္စရေးမြို့တော်အနီးရှိ Ben Gurion လေဆိပ်ကို ဒုံးကျည်များဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်တာဝန်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါ ပဲ့ထိန်းဒုံးကျည်များပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံမှ နေရာအများအပြားတွင် လေကြောင်းသတိပေးဥဩဆွဲသံများ ထွက်ပေါ်ခဲ့ပြီး အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်မှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါဒုံးကျည်များသည် ယီမင်နိုင်ငံအတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း အစ္စရေးစစ်တပ်ကဆိုသည်။
မကြာသေးမီရက်ပိုင်းအတွင်းက အမေရိကန်သမ္မတထရမ့်ဦးစီးသည့် ဟူသီအဖွဲ့ရှိသည့်နေရာအချို့အား ပစ်ခတ်တိုက်ခိုက်မှုတွင် လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအား လက်တုန့်ပြန်မည်ဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့က ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews