(ပြည်တွင်း) မတ် ၁၉
ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဖြစ်ခဲ့တဲ့ ဦးစိုင်းလုံးဆိုင် ဟာ မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင်ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် (၇၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးစိုင်းလုံးဆိုင်ဟာ ကျိုင်းတုံမြို့အမှတ်(၄)ရပ်ကွက် စွန်လောက်ရပ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ၉၆ပါးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဦးစိုင်းလုံးစိုင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏အကြံပေးအဖွဲ့ဝင်လည်းဖြစ်ခဲ့သလို ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီရဲ့အတွင်းရေးမှူးတာဝန်ကိုလည်းထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ဇာပနအခမ်းအနားနဲ့ပတ်သက်ပြီး မိသားစုဝင်များမှ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
#PAN #နစကကောင်စီဝင် #ပြည်ခိုင်ဖြိုးပါတီ