“မကွေးဆေးတက္ကသိုလ်မှ ကျောင်းဆင်းဆရာဝန် ၅,၀၀၀ နီးပါးရှိလာ”

(ကျန်းမာရေး) မတ် ၁၈

မကွေးဆေးတက္ကသိုလ်၏ (၁၆) ကြိမ်၊ (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၁၅ ရက်က မကွေးဆေးတက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

(၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါရဂူဘွဲ့ ၄ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့၄၄ဦး၊ ဆေးပညာ ဘွဲ့ ၂၅ ဦး၊ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့ ၁ ဦး၊ ဆေးပညာဘွဲ့ ၄၅ ဦး၊ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ ၁၇ ဦး၊ ဆေးပညာဘွဲ့ ၉၀ ဦး၊ စုစုပေါင်းပါရဂူဘွဲ့ ၅ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၆၁ ဦး၊ ဆေးပညာဘွဲ့ ၁၆၀ ဦး တို့ကို ဘွဲ့အပ်နှင်းချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ယခုဘွဲ့နှင်းသဘင် အပါအဝင် ဆေးတက္ကသိုလ်(မကွေး)မှ မွေးထုတ်ပေးလိုက်‌တဲ့ ဆရာဝန်ပေါင်း ၄,၉၇၅ ဦး ရှိခဲ့ပြီး ပါရဂူဘွဲ့ ၁၅ ဦး၊ ဆေးပညာမဟာသိပ္ပံ ၃၅၄ ဦးတို့ကို အောင်မြင်စွာလေ့ကျင့်ပျိုးထောင်ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

WFP ရဲ့ မတ်လ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားမှုအရ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၂၀ ခန့်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပြီး အဲ့ဒီထဲက လူဦးရေ ၁၅ ဒသမ ၂ သန်းလောက်ဟာ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ သိရပါတယ်။

#PAN #မကွေးဆေးတက္ကသိုလ် #ဘွဲ့နှင်းသဘင်အခမ်းအနား #ဘွဲ့နှင်းသဘင်အခမ်းအနား