ယီမင်တွင် အမေရိကန်၏တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၃ ဦးထိရှိလာ

(နိုင်ငံတကာ) မတ် ၁၇


ဒေါ်နယ်ထရမ့်အမိန့်ဖြင့်တိုက်ခိုက်ခဲ့သော ယီမင်တိုက်ခိုက်မှုတွင် ကလေးငယ်ငါးဦးအပါအဝင် လူပေါင်း ၅၃ ဦးထိရှိလာကြောင်းသိရသည်။


ဟူသီသူပုန်များအားပစ်မှတ်ထားတိုက်ခိုက်ကြောင်း အမေရိကန်စစ်ဘက်တာဝန်ရှိသူများမှ ထုတ်ပြန်ထားသောလည်း သေဆုံးသူများတွင် ကလေးငယ်များ အပစ်မဲ့ပြည်သူများပါဝင်ခဲ့ကြောင်းသိရသည်။


ပင်တဂွန်၏အဆိုအရ သေဆုံးသူများတွင် ဟူသီသူပုန်တပ်ဖွဲ့မှ အဓိကကျသူများပါဝင်ခဲ့ပြီး ပြတ်ပြတ်သားသားနှင့် ပြင်းထန်သည့် တိုက်ခိုက်မှုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ဟူသီခေါင်းဆောင် Abdul Malik al-Houthi က အမေရိကန်အနေဖြင့် ယီမင်ကို ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် အမေရိကန်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။


အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း ဟူသီများအနေဖြင့် ပင်လယ်နီအတွင်း တိုက်ခိုက်မှုများရပ်တန့်သွားသည်အထိ ဒုံးကျည်စစ်ဆင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

PAN