(နိုင်ငံတကာ) မတ်လ ၁၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချမ်တုံခရိုင်အတွင်း ရာမ ၂ လမ်းမပေါ်ရှိ ဆောက်လုပ်ဆဲအမြန်လမ်းတံတားတစ်ခုရဲ့ ကွန်ကရစ်ယက်မကြီးတစ်ခု မတ်လ ၁၅ ရက်အစောပိုင်းက ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ၂၇ ဦးဒဏ်ရာရခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

ပြိုကျတဲ့နေရာက ရာမ ၃ – ဒေါခါနွန်အမြန်လမ်းမကြီး အနီးမှာလည်းဖြစ်ပါတယ်။သတင်းတွေအရ အမြန်လမ်းဝင်ပေါက်မှ မီတာ ၂၀၀ ခန်အကွာမှာရှိတဲ့ ဆောက်လုပ်ဆဲအမြန်လမ်းတံတား ကွန်ကရစ်ယက်မကြီးပြိုကျမှုမှာ အများအပြား သေကြေဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။

ပြိုကျချိန်မှာ လုပ်ငန်းခွင်မှာ အလုပ်သမား ၃၀ ဦးခန့်ရှိနေတယ်လို့လည်းသိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အချင်းဖြစ်ပွားတဲ့နေရာကို ချက်ချင်းရောက်လာကြပြီး အပျက်အစီးတွေအောက်မှာ လှောင်ပိတ်မိနေနိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကူညီနေကြကြောင်း သိရပါတယ်။
ရဲတပ်ဖွဲနဲ့အင်ဂျင်နီယာတွေက အခုလို အမြန်လမ်းတံတားပြိုကျရမှုရဲ့ အကြောင်းရင်းကိုစစ်ဆေးနေကြကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews