ရွှေဘိုမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲ ဧက ၂,၆၃၀ ရိတ်သိမ်းပြီးစီးကာ တစ်ဧက ၂၆ ဒသမ ၂၅ တင်းထွက်ရှိ

(စီးပွားရေး) မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧက ၂,၃၆၀ အထိ ရိတ်သိမ်းပြီးစီးပြီကာ တစ်ဧကလျှင် ၂၆ ဒသမ ၂၅ တင်းထွက်ရှိကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

ရွှေဘိုမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲဧက ၄,၆၄၀ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ဧက ၂,၃၆၀ ရိတ်သိမ်းပြီးစီး၍ တစ်ဧကလျှင် ၂၆ ဒသမ ၂၅ တင်း ထွက်ရှိခဲ့တာဖြစ်ပါတယ်။

ကုလားပဲစိုက်ပျိုးမှုအနေနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာပြီး ကုလားပဲအထွက်နှုန်းနဲ့ အရည်အသွေး ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့မျိုးကောင်းမျိုးသန့်တွေ၊ သွင်းအားစုတွေ၊ ရိတ်သိမ်းချိန်လွန် နည်းပညာပေး တာတွေကို တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှ သိရပါတယ်။

ကုလားပဲကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက နိုင်ငံတွင်းစားသုံးမှု ဖူလုံစေရုံမျှမက ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမှာဖြစ်ပါတယ်။

#PAN #ပဲ #ရွှေဘို