ပဲခူးတိုင်းဒေသကြီးသတင်းစာဆရာအသင်း(ယာယီ)အားဖွဲ့စည်းပြီး

(ပြည်တွင်း) မတ် ၁၄

ပဲခူးတိုင်းဒေသကြီးသတင်းစာဆရာအသင်း(ယာယီ)အား ဖွဲ့စည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟို(ယာယီ)မှဗဟိုအတွင်းရေးမှူးဦးဇေယျာမြတ်ခိုင် ၊ဦးရဲရင့်စိုးညွန့်(အတွင်းရေးမှူး-၁)၊ ဦးဌေးလင်း(အတွင်းရေးမှူး-၂)တို့သည် မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီးသတင်းစာဆရာအသင်းရုံးသို့ ရောက်ရှိကာ အစည်းအဝေးခန်းမ၌ တက်ရောက်လာကြသော မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ယာယီ)အား ပြန်လည်ဖွဲ့စည်းနေမှုအခြေအနေများ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ဖွဲ့စည်းပြီးစီးမှုအခြေအနေများ ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ စည်းကမ်း ၊ ပြဌာန်းချက် ၊ ဥပဒေများအားရှင်းလင်းဆွေးနွေးခြင်း ၊ပြန်လည်၍ ဖွဲ့စည်းရာတွင် လိုက်နာ သိရှိရမည့်အချက်များအား ဗဟိုအသင်း၏ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့သည်။

တက်ရောက်လာကြသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သတင်းစာဆရာကြီးများမှ ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာအသင်း၏သမိုင်းဖြတ်သန်း တည်ရှိမှုနှင့် တိုင်းဒေသကြီးကိုယ်စားပြု သတင်းစာဆရာအသင်း(ယာယီ)အား ဥပဒေ စည်းကမ်း ပြဌာန်းချက်များနှင့်အညီဖွဲ့စည်းပေးရန်တို့အား အသီးသီးတင်ပြခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ယာယီ) ပဲခူးတိုင်းဒေသကြီးအား ပြန်လည်ဖွဲ့စည်းရန် ဥပဒေ စည်းကမ်းချက်များ ၊ ပြဌာန်းချက်များနှင့်အညီ အများ၏ရှေ့မှောက်တွင် ဆန္ဒပြုရွေးချယ်ဖွဲ့စည်းစေခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ ဝါရင့်သတင်းစာဆရာကြီးများအား နာယကအဖြစ်တင်မြှောက်ခဲ့ကြပြီး ဦးဖြိုးကိုလင်း(ညောင်ဝိုင်း)အား ဥက္ကဋ္ဌအဖြစ်တင်မြှောက်ဆန္ဒပြုမဲပေးခဲ့ကြပြီး တိုင်းအလုပ်အမှုဆောင် (၁၅)ဦးဖြင့် ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာအသင်း (ယာယီ)အားအတည်ပြုဖွဲ့စည်းခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရသည်။

PAN #သတင်းစာဆရာအသင်းဖွဲ့စည်း #ပဲခူးတိုင်းဒေသကြီး