PDF ရဲ့ ဒရော့ဗုံးကြောင့် တန့်ဆည်က အထက်တန်းပြဆရာမနဲ့ ကလေးငယ်တစ်ဦးသေဆုံး

(မှုခင်း) မတ်လ ၁၃

PDF အကြမ်းဖက်တွေ ဒရုန်းနဲ့တိုက်ခိုက်တဲ့ ဒရောဗုံးကြောင့် တန့်ဆည် အထက်တန်းကျောင်းက အထက်တန်းကျောင်းဆရာမတစ်ဦးအပါအဝင် ကလေးငယ်တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ၊တန့်ဆည်မြို့ပေါ်က အထက်တန်းကျောင်းတစ်ကျောင်းပေါ်ကို PDF အကြမ်းဖက်တွေက ဒရုန်း အသုံးပြုပြီး Drop Bomb ချတိုက်ခိုက်ခဲ့တာကြောင့် အထက်တန်းပြဆရာမတစ်ဦးနဲ့ သူရဲ့ လေးငယ်တစ်ဦးတို့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ PDF အကြမ်းဖက်သမားတွေရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း အထက(တန့်ဆည်)မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၃၆ နှစ်အရွယ်ရှိ အထက်တန်းပြ ဆရာမ ဒေါ်သီတာစိုးမှာရရှိဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူမှာ ဗုံးစထိမှန် ဒဏ်ရာတွေရရှိကာ ဆေးကုသမှုခံယူနေစဉ် မတ်လ ၁၁ ရက်မှာ ထပ်မံသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း စစ်ကိုင်းမြို့ မင်းကွန်းဒေသက Grade 5 နဲ့ Grade 9 ကျောင်းသား ၆၀ ဦးကို စာမေးပွဲ ဖြေဆိုနိုင်ဖို့ ဦးဆောင်စီစဉ်ပေးနေသူ အထက(မင်းကွန်း) က အလယ်တန်းပြ ဆရာ ဦးမျိုးဝင်း ကို PDF အကြမ်းဖက်တွေက နေအိမ်အထိ လာရောက် သတ်ဖြတ်ခဲ့တာကြောင့် စာမေးပွဲဖြေဆိုဆဲ ကျောင်းသူ/သားတွေ စာမေးပွဲဖြေဆိုမှု ရပ်တန့်ခဲ့ရတယ်လို့လည်း သိရပါတယ်။

PAN #တန့်ဆည် #PDF #DropBomb #Drane