ပီအက်စ်ဂျီအသင်းက ကင်မစ်ချ် အား လာမည့်နွေတွင် ခေါ်ယူရန်ကမ်းလှမ်း

(အားကစား) မတ် ၁၃

ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ် အား လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ခေါ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဂျာမနီကွင်းလယ်ကစားသမား ကင်မစ်ချ် အနေနဲ့ ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုမှာလည်း အဆင်မပြေဖြစ်နေပါတယ်။

ကင်မစ်ချ် အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေ ကြပြီး ယခုအခါ ပီအက်စ်ဂျီအသင်းက လက်ဦးမှုရယူကာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့တွင် ကင်မစ်ချ် အား ခေါ်ယူရန်အတွက် သုံးနှစ်သက်တမ်းစာချုပ်ဖြင့် ကမ်းလှမ်းခဲ့ပြီး ကင်မစ်ချ် ဘက်က ပီအက်စ်ဂျီအသင်းရဲ့ကမ်းလှမ်းမှုကို တုံ့ပြန်မှုမရှိသေးကြောင်း သိရပါတယ်။

#PAN #အားကစား #ပီအက်စ်ဂျီ