အပူလွန်ကဲမှုကြောင့် ပဲခူးမြို့တွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွား

(ပြည်တွင်း) မတ် ၁၂

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၏တောင်ဘက်အခြမ်းရှိ ခြံစည်းရိုးအပြင်ဘက်တွင် မတ်လ (၁၂)ရက်နေ့၊ နေ့လယ် (၁၂)နာရီ ၄ ၅မိနစ်အချိန်ခန့်က အပူလွန်ကဲမှုကြောင့်တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တောမီးလောင်ကျွမ်းသည့်နေရာသို့ ရဲတပ်ဖွဲ့တာဝန်ရှိသူများတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)ရဲစခန်းမှူးဦးစီးတပ်ဖွဲ့ဝင်များ၊ ပဲခူးခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ မီးငြိမ်းသတ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ(၁၃း၀၅ )နာရီအချိန်တွင် မီးညွန့်ကျိုး၍(၁၃း၁၀)နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုအား စစ်ဆေးရာ အပူလွန်ကဲမှုကြောင့် လောင်ကျွမ်းရခြင်းဖြစ်ပြီး လူနှင့်တိရိစ္ဆာန် ပျက်စီး ဆုံးရှုံးမှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

PAN #ပဲခူး #မီးလောင်မှု