(မှုခင်း) မတ်လ ၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်သွားကားလမ်း၊ အဆင်းလမ်းဘေးရှိ “မြန်မာရွှေကြယ်” ဆောက်လုပ်ရေးကုမ္ပဏီ လိုင်းခန်း၌ ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ”မြန်မာရွှေကြယ်” ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံ ကိုဝေဖြိုး၊ ၄၁ နှစ်၊ (ဘ)ဦးငွေမြင့်၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူသည် ပေ(၂၀)ပတ်လည် စတိုခန်းအတွင်း ဘတ္ထီအိုးဟောင်းများနှင့် သံထည်ပစ္စည်းဟောင်းများရောနှောသိမ်းဆည်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၂ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပေ(၂၀)ပတ်လည် သွပ်မိုး၊ ဘုတ်ပြားကာ၊ အထပ်သားခင်း စတိုခန်းနှင့် ဘတ္ထီအိုးဟောင်းများ၊ ကာလ တန်ဖိုး ၁၅၀၀၀၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ “မြန်မာရွှေကြယ်” ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံ ကိုဝေဖြိုးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews