၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2025) လျှောက်ထားနိုင်


(ပြည်တွင်း) မတ် ၇

အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ အာဆီယံရဲ့ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်သည့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025) ကို ပေးအပ်ချီးမြှင့် ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူထားပြီး ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးပေါင်းစည်းရေးနှင့် စံနှုန်းများမြှင့်တင်ရေး ဆောင်ရွက်မှုများ၊ အာဆီယံအသိုက် အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ ကို အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။

အာဆီယံဆုကို အပြီးသတ်ရွေးချယ်မယ့် အကဲဖြတ်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းများအပါအဝင် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူကို အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဆုကို လျှောက်ထားရန် အဆိုပြုသူများက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား(သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ရမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကိုဦးတည်၍ ပြည်သူကို ဗဟိုပြုတဲ့ အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြတဲ့ ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ် ရေးသားဖော်ပြရမည် ဖြစ်ပါတယ်။

အကျဉ်းချုပ်မှာ ပါရှိရမည့် အချက်အလက်များကို လျှောက်လွှာပုံစံမှာ ဖော်ပြပါရှိကြောင်းနှင့် လျှောက်လွှာ ပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean.org/nomination-form/မှာ download ရယူဖြည့်စွက်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော် (သို့မဟုတ်) amns.mofa@gmail.com သို့ ဧပြီလ ၁၁ ရက်နောက်ဆုံးထားကာ လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN