(နိုင်ငံတကာ) မတ် ၄

ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အိမ်ဖြူတော်တွင် အခြေအတင်ဖြစ်ခဲ့ပြီးနောက် ယူကရိန်းသို့ပို့ဆောင်နေသော စစ်ရေးအကူအညီများအားလုံး ရပ်တန့်ရန် ထရမ့်အမိန့်ထုတ်ပြန်လိုက်သည်။
ထရမ့်ထုတ်ပြန်လိုက်သော အမိန့်တွင် ပို့ဆောင်ဆဲ အထောက်အပံ့များနှင့် ပိုလန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှ အထောက်အပံ့များလည်း ရောက်သည့်နေရာတွင် ရပ်တန့်ရမည်ဖြစ်ကြောင်းသိရသည်။
အိမ်ဖြူတော်အနေဖြင့် ငြိမ်းချမ်းရေးကို အာရုံစိုက်နေပြီး အဖြေတစ်ခုထွက်ပေါ်သည်အထိ စစ်ရေး အကူအညီများခေတ္တ ရပ်နားကာ ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ထားသည်။
ယူကရိန်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သက်တမ်းမကုန်မှီက အလျင်အမြန်ပေးပို့ခဲ့သော စစ်လက်နက်များဖြင့် ရက်သတ္တပတ်အနည်းအငယ်ကို ဆက်ထိန်းထားနိုင်သော်လည်း ထရမ့်၏ အကူအညီရပ်ဆိုင်းမှုကြောင်း ကြီးမားသည့် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews