မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချနေသူ တစ်ဦး ဖမ်းဆီးရမိ


(မှုခင်း) မတ်လ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု၊ မြရတနာကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချနေသူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က လုံခြုံရေးပူးပေါင်းအဖွဲ့သည် လှည့်ကင်းပတ်ကင်းဆောင်ရွက်နေစဉ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ မြရတနာကျေးရွာ၊ ပိတောက်ဝါလမ်း၊အိမ်အမှတ်(၁၂၄၁)တွင် မူးယစ်ဆေးဝါးများရောင်းချနေကြောင်း ပြည်သူတို့၏သတင်းပေးပို့ချက်အရ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ သန့်ဇင်ထွန်း(ခ)ကနား ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၄င်းသည် အိပ်ယာဘေးတွင်ထိုင်လျက်အနေထားဖြင့် တွေ့ရသည်။.

ထို့နောက် သန့်ဇင်ထွန်း(ခ)ကနား ခေါင်းအုံးဘေးတွင် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောက်ကပ်ခွါအိပ်ဖြင့် ထုတ်ပိုးထားသော 88 စာတန်းပါစိတ်ကြွရူးသွပ်မူးယစ်ဆေးပြား တထုတ်လျင် ၂၀၀ ပြားဖြင့် ထုတ်ပိုးထားသော အထုပ် ၁၀ ထုတ်၂၀၀၀ နှစ်ထောင်ပြား အဖြူရောင်ပလပ်စတစ်အိတ်အတွင်း စိမ်းနုရောင်အိတ်ဖြင့်ထုတ်လျက် KCE ဟု ယူဆရသောအဖြူရောင်ပုံဆောင်ခဲ ၂၄ ဂရမ်ခန့်တို့ ဖမ်းဆီးရမိသဖြင့် သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု အပိုင်ရဲကင်းမှူးမှရှာဖွေပုံစံဖြင့် စနစ်တကျ သိမ်းဆည်းကာ မူးယစ်ဆေးဝါးဥပဒေများဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN