(ပြည်တွင်း) ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူးပြီး MissYangon2025 ပြိုင်ပွဲကြီးကို ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် MCC ခန်းမတွင် မတ်လ(၇)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ပါမည်ဖြစ်ပြီး ။ အဆိုပါပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီပါက မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းကျင်းပရေးကော်မတီထံကနေသိရပါတယ်။ စည်းကမ်းချက်များမှာ(၁) အိမ်ထောင်မကျဖူးသူအပျိုဖြစ်ရမည်။

(၂) အရပ်အမြင့် အနိမ့်ဆုံး (၅ ပေ ၄ လက်မ) ရှိရမည်။ (၃) ကိုယ်အလေးချိန်ပေါင် (၁၂၀) နှင့် (၁၆၀) ကြားဖြစ်ရမည်။ (၄) အသက် (၁၈) နှစ်မှ (၂၈) နှစ်အတွင်းဖြစ်ရမည်။ (၅) ပညာအရည်အချင်း အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ (၆) ကျန်းမာရေးကောင်းမွန်ပြီး ကူးစက်ရောဂါမရှိသူ ဖြစ်ရမည်။ (၇)ပြစ်မှုမှတ်တမ်းကင်းစင်သူ ဖြစ်ရမည်။

ပြိုင်ပွဲမှ Winner ဆုရရှိသူအား ငွေသား ကျပ် (၃၀) သိန်း ၊ Skin Care ကျပ် (၃၀) သိန်း ၊ ရတနာပစ္စည်း ကျပ် (၁၅) သိန်းတို့အား ချီးမြှင့်ပါမည်။ Winnerဆုအပြင် 1st Runner Up မှ 5th Runner Upအထိ ငါးဆုကိုလည်းကောင်း၊ Title Awardခေါင်းစဉ်ဆု (၁၂) ဆု ကိုလည်းကောင်း၊ ပါဝင်ယှဉ်ပြိုင်သူများအားလုံးကို Participation Award ဆုများကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ပြိုင်ပွဲဝင်များအနေဖြင့် ပူးတွဲပါလျှောက်လွှာနှင့်အတူ ဝင်ရောက်လျှောက်ထားယှဥ်ပြိုင်နိုင်ကြောင်းသိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
Telegram»…
https://t.me/positiveanglenews